Thursday, January 17, 2013

“မော်ဒန်မန္တလေး”




(၁)
နေပူကျဲကျဲ
တိုက်ရိပ်ကလွဲလို့ ဘာမှမရှိ
သဘာဝ၏ အလောင်အမြိုက်ဒဏ်
ခံစားနစ်မျော--
ချစ်သောမန္တလေး ပူရှာမည်။
(၂)
အမြို့မြို့အနယ်နယ်ကလာတဲ့
မြန်မာတိုးရစ်(စ်)တွေ
စက်ဘီးတွေ ဆိုင်ကယ်တွေ
ကြွယ်ဝမှုကို ဖော်ကြွားတဲ့
မော်တော်ကားသစ် ပြိုင်ပွဲတွေ
လမ်းပေါ်မှာပွေရှုပ်
တိုးတက်တဲ့ပြယုဂ်လို့ အခေါ်ခံ
(ဒါ--) ကျွန်တော်တို့ရဲ့ မော်ဒန်မန္တလေး။
(၃)
ကာရာအိုကေ --
ရေပေါ်ဂီတ
တည်းခိုခန်းမပေါ်မှာရှိတဲ့တေး
မန္တလေးကို လွှမ်းပတ်
(ဟိုတုန်းက) အငြိမ့်တွေ ဇာတ်တွေ
လွမ်းတတ်ရင်တော့
နန်းရပ်က မြန်မြန်ခွာ
(ဒါက --) မော်ဒန်မန္တလေးပါလေ-- ။
(၄)
ငါးထပ်ခြောက်ထပ်
မိုးကိုမတ်မျှော် ဟိုတယ် တည်းခိုခန်း
မန္တလေးရဲ့အသည်း ၊ တစ်နေ့တည်းရှစ်ရာ
ရေကူးကန်တောင်ပါတဲ့ အခန်း
' လောပန်း ' တို့ အပန်းဖြေ
ကာရာအိုကေမှာ ဆုချ
ညကြေးက သောင်းကျော်
အပေါင်းအသင်းတော်ပါလျှင်
(သည်နေရာမှာ)
အပျော်ကနေ
ကတော်တွေဘာတွေ ဖြစ်နိုင်သတဲ့။
(၅)
ကုန်တိုက်ကုန်တိုက်
စုံလိုက်တဲ့ စတိုးဆိုင်
ပိုင်ရှင်ဘယ်သူတွေလဲ
ချွေးရွှဲပင်ပန်း ၀န်ထမ်းဈေးသည်ဘဝ
(အနည်းဆုံး)
ဆယ်တန်းအောင်မှ ရသတဲ့
အများကတော့ ဘွဲ့တွေနဲ့
တကယ့်အခြေအနေရဲ့ အတင်းအခံ
ထမင်းဆန်ရဲ့ တောင်းဆိုမှု
ကဲ--
ဘယ်သူငြင်းဆန်လို့ အန်တုမလဲ
လူမှုမြင်ကွင်း တစ်ပိုင်းတစ်စ
ညကိုးနာရီ အလုပ်သိမ်းပြန်
စက်ဘီးကို မှန်မှန်နင်း
(ဈေးရောင်းတဲ့ ကောင်မလေးတွေ)
မြို့တွင်းကထွက်
နာရီစင်ကြီးကို နှုတ်ဆက်ခဲ့ကြသတဲ့။
(၆)
အဲဒီအချိန်မှာ--
စားသောက်ဆိုင်တွေအတွင်း
အပေါင်းအသင်းစုပြီး
သူအဖွဲ့နဲ့သူ
သူ့မူနဲ့သူ့ဟန်
သောင်းကျော်တန် စားပွဲဝိုင်းတွေဖွဲ့
(တချို့ရဲ့) ၀ိုင်းတွေများ
လေးငါးခြောက်သောင်း ရှင်းရသတဲ့
သင်းမြတဲ့ ရှန်ပိန်ညလေ --။
(၇)
တည်းခိုခန်း အသေးစားတွေမှာတော့
ဈေးမကစားနိုင်တဲ့ ၀ယ်သူရောင်းသူ
လူလိမ်ခံထားရတဲ့ ကျောက်သမား
ပွဲစားနဲ့ ကယ်ရီ
ဘယ်ဆီရယ်လို့ သတ်မှတ်ချက်မရှိတဲ့
ခရီးသည်မိန်းမ
အခွင့်အရေးရမလား ချောင်းနေတဲ့ ဖဲဝိဇ္ဇာ
(သူတို့ဟာ) အိပ်ရာညစ်ညစ် အခန်းကျဉ်းမှာ
ပန်းခင်းတွေ အိပ်မက်ရင်း ခွေနေကြသတဲ့။
(၈)
တည်းခိုခန်းရဲ့ အပြင်ဘက်မှာတော့
ဘ၀အမောကို ရုန်းထွက်ဖို့မကြောက်
ကုန်းအတက်တစ်ခုသာ ကြောက်သူများ
ဆိုက်ကားနင်းတဲ့ ဆရာတွေ
ဘာတွေ ဘယ်သူပြောပြော
တသောသောဆူညံ
ခေါင်းပန်းအလှန်မပျက်
ဧည့်သည်တွေအထွက်ကို စောင့်နေကြပါလား။
(၉)
အမျိုးမျိုးလူစုံ
အပူစုံတဲ့ မန္တလေး
အေးမြစေနိုး
သန်းခေါင်မိုးက အငြိုးတကြီးရွာ
(ကားစောင့်တဲ့) အဘိုးကြီးခမျာစိုရွှဲ
တည်းခိုခန်းထဲလဲဝင်လို့မရ။
(၁၀)
ကြည့်ရင်းလှမ်းငေး
ခပ်ဝေးဝေးမှာ
ကတ္တရာလမ်းမတွေ
ရေထဲနစ်မျော
(သြော် --)
ချစ်သောမန္တလေးချမ်းရှာပြီ။ “မော်ဒန်မန္တလေး”
မောင်စိန်ဝင်း(ပုတီးကုန်း)

Monday, September 26, 2011

Digital Painting


photo shop cs4 နဲ့ ဆွဲထားတာလေ
စမ်းပြီး လုပ်ကြည့်တာ၊ www.moelay.cggub.com မှာလည်း တင်ထားတယ်။ ၀ါသနာ ပါလို့ အားရင် အပြင်မှာဆွဲ
ဖြစ်တယ်။ ရေဆေး ဆွဲရတာကို သဘောကြတယ်။ အခု digital painting လုပ်ဖြစ်တာ။

Monday, April 19, 2010

မြန်မာတို့ရဲ့ ဦးသန့် (ကုလ အတွင်းရေးမှုးချုပ်)


တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က
ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှူးချုပ်ဟောင်း ဦးသန့်ကို
ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့
တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့
များစွာကျေနပ်အားရခဲ့သလို၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့
ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ
ဝမ်းသာမိပါတယ်။

Sunday, March 7, 2010

လူငယ်တွေမှာ ခံတွင်းကင်ဆာ ဖြစ်တာ ပိုများလာတာပါ။

မြန်မာ နိုင်ငံမှာ လူနေမှုပုံစံတွေ
ပြောင်းလဲနေတာနဲ့အမျှ ခံတွင်းကင်ဆာဆိုတဲ့ ကင်ဆာရောဂါတစ်မျိုးဟာလည်း
လူငယ်ထုအတွင်းမှာ ပျံ့နှံ့ထိုးဖောက် နေရာယူနေတာကို တွေ့ရှိလာကြရပါတယ်။
အခုနှစ်ပိုင်းမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေက အသက် ၂၄၊ ၂၅ နှစ်အရွယ်တွေ
ဖြစ်နေကြတာကို တွေ့ရှိလာရတယ်လို့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ပညာဌာနက
ပါမောက္ခ၊ ဌာနမှုး ဆရာကြီး ဒေါက်တာ ဦးကိုကိုမောင်က ပြောကြားထားတာကို
ဖတ်ရှုလိုက်ရပါတယ်။
ခံတွင်းကင်ဆာဆိုတာ ခံတွင်းထဲမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ
ကြီးထွားရှင်သန်နေတာကနေ စပါတယ်။
အဲဒီကနေ တံတွေးဂလင်းတွေ၊ တခြား ခံတွင်းထဲ လျှာတွေ အာခေါင်တွေစတဲ့
အင်္ဂါတွေကို ပျံ့နှံ့ရောက်ရှိစေကုန်ပါတယ်။ ခံတွင်း ကင်ဆာဖြစ်ရင်
နာကျင်ကိုက်ခဲမှု မရှိတာကြောင့် ပေါ့ပေါ့ဆဆ နေဖြစ်ကြပါတယ်။ ကင်ဆာရဲ့
အကြိုလက္ခဏာဖြစ်တဲ့ အဖြူကွက်၊ အနီကွက်တွေ ဖြစ်လာရင်လည်း သတိမထားမိကြပါဘူး။
ခံတွင်းမှာ အနီကွက်တွေ ဖြစ်လာရင် ကင်ဆာရောဂါ ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း
ရှိပါတယ်။ အဖြူကွက် ဖြစ်လာရင်တော့ ကင်ဆာဖြစ်ဖို့ ၅ ရာခိုင်နှုန်း ရှိပါတယ်။
ရောဂါအကြို လက္ခဏာတွေက လျှာမှာဖြစ်တဲ့အနာတွေ၊ လည်ချောင်းမှာ
ဖြစ်တဲ့အနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကွမ်းစား ဆေးသောက်တာက လူနည်းစုပါ။
နောက်ပိုင်းမှာတော့
ကွမ်းစားတဲ့လူတွေ အရမ်းကို တွေ့ရလာပါတယ်။ အထက်တန်း ကျောင်းသားတွေ၊
ပညာတတ်တွေပါ ကွမ်းစားလာကြတယ်။ လူငယ်တွေလည်း အတော်လေး ကွမ်းစားလာကြပါတယ်။
အထက်တန်းကျောင်းသား တစ်ယောက် အသက် ၁၄ နှစ် ၁၅ နှစ်မှာ စပြီး ကွမ်းစားရင်
အသက် ၂၅ မှာ သူ့ရဲ့ ကွမ်းစားသက်က ၁၀ နှစ်ထဲ ရောက်နေပါပြီ။ နောက် အရွယ်က
ဖွံ့ဖြိုးနေတဲ့ အရွယ်ဆိုတော့ ဆဲလ်တွေရဲ့ ကြီးထွားနှုန်းကလည်း
အရမ်းမြန်ပါတယ်။ အဲဒီလိုမျိုး ကွမ်းစားနှစ်ရှည်ဖြစ်တာရယ် အသက်အရွယ်
ငယ်တာတွေရယ်ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ ပိုများလာတဲ့ သဘောမှာ
ရှိလာပါတယ်။ အသက်ကြီးပိုင်း အသက် ၄၀ နှစ် ပိုင်းတွေကျတော့ ဆဲလ်တွေ
ကြီးထွားနှုန်း နှေးသွားတဲ့အတွက် လူငယ်တွေလောက် ကင်ဆာဆဲလ်တွေ ပွါးများမှု
မများပါဘူး။ အဲဒါကြောင့် လူငယ်တွေမှာ ခံတွင်းကင်ဆာ ဖြစ်တာ ပိုများလာတာပါ။

ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့

ပြည်တွင်း၌ Home Made ခေါ်
ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့


ပြည်တွင်းရှိ အင်တာနက်ဆိုင်များတွင် ညစ်ညမ်းဝက်ဘ်ဆိုဒ်များမှ Home Made ခေါ် သမီးရည်းစားအတွဲများ၊ အတူနေထိုင်နေကြပုံများကို ကြည့်ရှုသူ ပိုမိုများပြားလာနေကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။

"သမီးရည်းစားအတွဲတွေ နေထိုင်ဆက်ဆံနေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာတင်ထားတာ။ ခုနောက်ပိုင်း မြန်မာအတွဲတွေ ပိုများလာတာတွေ့ရတယ်။ အဲဒါတွေကို Home Made လို့ ခေါ်နေကြတာပဲ" ဟု ရန်ကုန်မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပသတင်းဌာနများ၏ ၀က်ဘ်ဆိုဒ်များကို အများပြည်သူမကြည့်နိုင်စေရန် အစိုးရက ပိတ်ထားသော်လည်း ယင်းညစ်ညမ်းဝက်ဘ်ဆိုဒ်များကိုမူ ကြည့်ရှု၍ရနေကြောင်း ပြည်တွင်းအင်တာနက် အသုံးပြုသူများထံမှ သိရသည်။

Wednesday, March 3, 2010

Generation Y ဆိုတာဘာလဲ?

Generation Y ဆိုတာဘာလဲ?
အရင်က ဘာကိုဆိုမှန်း မသိခဲ့၊ အခုတော့ဘလော့တခုမှာ
တွေ့လို့ ဝေမျှလိုက်ပါတယ်...
-၁၉၄၆ ခုနှစ် မတိုင်ခင် မွေးဖွားလာသူတွေကို the
silent generation
-၁၉၄၆ မှ ၁၉၅၉ ခုနှစ် ကြား မွေးသူတွေကိုတော့ the
baby boomer generation လိုခေါ်ပြီး
-၁၉၆၀ မှ ၁၉၇၉ ခုနှစ် မွေးသူကို generation X တဲ့
-၁၉၈၀ နောက်ပိုင်း မွေးသူတွေကိုတော့ generation
Y
လို့ခေါ်တယ်ဆိုတာ သတ်မှတ်ချက်လို့ ထင်ထားခဲ့
ပေမယ့် ဘာကြောင့်ခေါ်သလဲဆိုတာ ကာတွန်းဆရာ ရဲ့
သရုပ်ဖော်ပုံတွေတော့မှ သဘောပေါက်တော့တယ်.... :)

Sunday, February 21, 2010

မိန်းမကောင်းအင်္ဂါ ၆၄ ရပ်

ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ..............................
........ ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

Saturday, January 23, 2010

ကာတွန်းဝင်းမြင့်အောင်၊ ရေးသူမသိ

''

''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

ထာဝရ သူငယ်ချင်းများဆုံဆည်းရာ

အင်တာနက် ဆိုင် မှာ သတိပြုစရာ

ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆပိုညစ်ပတ်ပါသတဲ့ ။မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသနလုပ်ဆောင်ချက်တခုကနေ ရရှိလာတဲ့ Reslut တခုပါ၊Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွားရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ တွင်မအီမသာဖြစ်ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ များ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။
ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိအဖြစ်အပျက်လေးတခုဖြစ်ပျက်ခဲ့ သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ ကျော်မှရသောကလေးလေး ဖြစ်သည်။

Friday, November 13, 2009

အဖေ အကြောင်း

ကျနော်……
၎ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တက်တယ်။
၅ နှစ်…………….. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
၆ နှစ်…………….. ငါ့အဖေက မင်းအဖေထက် တက်တယ်ကွ။
၈ နှစ်………………ငါ့အဖေက အကုန်လုံးတော့လည်း အတိကျ မသိဘူး။
၁၀ နှစ်…………….အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။
၁၂ နှစ်…………… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ၊သူကအသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ်
မိနိုင်တော့ဘူး။
၁၄ နှစ်…………… အဖေတော့ထည့်ပြောမနေနဲ့၊ သူကရှေးရိုးသမားကြီး။
၂၁ နှစ်…………….အဘိုးကြီးလား…ထားပါ၊လုံးဝအောက်နေပြီ။
၂၅ နှစ်…………… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊လူကြီးပဲဟာ။
၃၀ နှစ်…………..အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်၊ဘာပြောပြော သူကအတွေ့အကြုံ အများကြီးရှိတယ်။
၃၅ နှစ်…………. အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခု လုပ်နိုင်မယ်။
၄၀ နှစ်…………. အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။
၅၀ နှစ်…………..ဒီကိစ္စ အခုနေသာ ဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ
မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါအဖေ့ဆီကအ
များကြီး ရလိုက်ဖို့ ကောင်းတယ်။


(မူရင်း။ ။Ann Lander ၏ My Father When I Was…) ကို… ဆရာ ဖေမြင့် ပြန်ဆိုသော
နှလုံးသား အာဟာရ (ရသစာများ) မှ….

Saturday, October 17, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံတကာမှချီးမြှင့်ခဲ့သော ဆုတံဆိပ်များ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံတကာမှချီးမြှင့်ခဲ့သော
ဆုတံဆိပ်များ
1. Thorolf Rafto Memorial Prize(1990)
2. Sakharov Prize(1990)
3. Nobel Peace Prize(1991)
4. Simon Bolivar International Prize(1992)
5. Jawaharlal Nahru Award(1993)
6. Prize For Freedom of the Liberal International(1995)
7. Honorary Companion of the Order of Australia(1996)
8. Freedom of Dublin city –Republic of Ireland(1999)
9. Presidential Medal of Freedom(2000)
10. UNESCO Madanjeet Singh Prize for the Promotion of Tolarance &
Non-Violence(2002)
11. Gwangju Prize for Human Right(2004)
12. Doctor of Laws (honoris causa) from Memorial of Newfoundland(2004)
13. Olof Palme Prize(2005)
14. Freedom from Fear award(2006)
15. Honorary Canadian citizenship(2007)
16. Honorary President of the LSESU(2007)
17. Doctorate of Letters (honoris causa) from Colgate University(2008)
18. Congressional gold medal(2008)
19. Premi Internacional Catalunya(2008)
20. Freedom of Glasgow(2009)
21. Mahatma Gandhi International Award for Peace and Reconciliation(2009)

Sunday, September 27, 2009

လပြည့်ည

အေးမြကြည်လင် ထက်ကောင်းကင်တွင်
တိမ်ညိုကင်းပ လပြည့်တစ်ည….တုန်းက
………………….. ………………..
သူရယ်..ကိုယ်ရယ်…….
ကျောင်းသွားဘုရားတက် တူစုံမပျက်ခဲ့
မြင်ယောင်တမ်းတ လပြည့်တစ်ည…..အခါက….

လမင်း ကြယ်စင် ထက်ကောင်းကင်ဝယ်
တူယှဉ်ယံခ လပြည့်တစ်ည…..မယ်..

မြတ်ဘုရားထံပါး နှစ်ကိုယ်ထားခဲ့
ရည်ရွယ်မှန်းဆ လပြည့်တစ်ည…မှာ…
ဘ၀ဆက်ဆက် ပေါင်းဖက်ရည်စူး
ဆုထူးပန်သ လပြည့်တစ်ည…မှာ..

မီးပုံး ရောင်စုံ ထွန်းညိတုန်းက
နှစ်ကိုယ်တူချစ်အမျှ လပြည့်တစ်ည…..က..
ရောင်စုံထွန်းပ ပွဲတော်တစ်ည….အခါ…
အာကာပြင်မှာဝင်းပ လပြည့်အလှ…ထက်
(ကိုယ့်ရဲ့)ရင်ခွင်နန်းက ချစ်သူ့ရဲ့အလှ…က
တုယှဉ်မှန်းဆ အနိုင်းမဲ့ည….ပေါ့…

မျှော်လင့်မထား တစ်ကမ္ဘာခြားမှာ
ပုန်းရှောင်သူလွမ်းရ လပြည့်တစ်ည…ရယ်..
တိမ်ဖုံး“လ”မသာ အမှောင်ကမ္ဘာမှာ
ရင်ကွဲနာကျ လပြည့်တစ်ည…ပေါ့….



မိုးလေး

Sunday, September 20, 2009

တရားအလျှူ

http://theinngu.org သဲအင်းဂှူဆရာတော်
http://www.mahasi.org/mm မဟာစည်(၁)
http://www.mahasi.org မဟာစည်(၂)
http://www.dhammaceti.org/home.htm ဘုန်းဘုန်းကောသလ္လ
http://www.dhammaduta.net အရှင်ပညိသာရ-ဓမ္မဒူတ
http://www.shweparami.net အရှင်ဆန္ဒဓိက
http://www.yawainwe.net အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
http://www.mettashin.com အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၁)
http://www.mettashin.dhammathukha.com/index.php?option=com-content&view=frontpage အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism ရွှေင်္ဟသာဆရာတော်
http://www.sitagu.org/home သီတဂူဆရာတော်
http://www.pilotsayadaw.net အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်
http://www.chanmyay.org ချမ်းမြေ့ဆရာတော်
http://www.majjhimagonyi.info အရှင်ကောဝိဒ-မဇျွိမဂုဏ်ရည်
http://www.paauktawya.org ဖားအောက်တောရဆရာတော်
http://www.phyusayadaw.com ဖြူးဆရာတော်
http://www.theravada-3p.org ဆရာဦးမြင့်လွင်-သန့်တည်ပွား
http://www.mogokinsightny.org မိုးဂုတ်ဆရာတော်ဘုရားကြီး
http://www.realenlightenment.org အရှင်ဥတ္တမသာရ
http://www.lknt.org အရှင်လောကနာထ
http://www.lknt115.blogspot.com အရှင်လောကနာထ http://www.kathitwinemyanmar.blogspot.com ကသစ်ဝိုင်ဝိပသာနာ ဓမ္မရိပ်သာ
http://www.dhammaduta.co.cc အရှင်ဆေကိန္ဒ-ဓမ္မဒူတ
အလှူတကအလှူတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
ဖြန့်ဝေပေးခြင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။

Saturday, September 12, 2009

ဖျားနာနေတဲ့ မုတ်သုန်မြို့

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြိ့တစ်မြို့ကိုပြပါဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်ကို အထက်စီးက ကြည့်နေတက်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ ၁၅၀ တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာနဲ့ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တစ်ချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေရှိခဲ့ဖူးတယ်။ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ kTV လို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်းလမ်းသစ်တွေ ခင်းပြတတ်သလို ရက်ပိုင်းအတွင်း
သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။ တချိန်တုန်းက ပညာတက်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်ဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြိုသားတွေကတောင် ၀လုံးလို့လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်
မီးရှိရမယ်၊ သန့်ရှင်းရေးစနစ်ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုရှိရမယ်၊ သောက်သုံးရေသန့်ရှင်းစွာ ရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်းဖြစ်ရမယ် အဲဒီလို တယောက်
ယောက်ကပြောခဲ့ရင် သူဟာမြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ ရှင်သန်နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိသလို တယောက် ကိုယ်ငွေ့ တယောက်ပြန်ချုံလို့ ရတဲ့မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။ လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ် ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာယာတယ်ဆိုပေမယ့် ချူချာတက်တဲ့ ကလေးငယ်တွေလည်း ရှိနေတက်တဲ့မြီု့။

အရင်ကနယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ အမျိုးမျိုးကြားရတက်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး ပြန်လာတဲ့သူတွေကို ဘာလက်
ဆောင်ပါသလဲလို့ စီးစီးမေးတက်တဲ့ မြို့လေ။ အင်္ဂါဂြိုလ်က မြေအနေအထားကို မှန်ပြောင်းနဲ့လှမ်းကြည့်လို့ ရသလို အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းထားပြီး အထက်တန်းက တက်
စီးလို့ ရတဲ့မြို့၊ ဟံသာဝတီ ဧကရာဇ် ရာဇာဓီရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့၊ရန်သူတွေကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးခဲ့တယ်။ ပြည်စစ်ကာလမှာ ၀ါရှင်
တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင်ထွက်ကာကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေး တစ်စိတ်နဲ့ အပျော်တမ်းတပ်၊ တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်
ပွဲမှာ တစ်လက်မချင်း ခုခံရတဲ့မြို့။ အဒီအချိန်ကလည်း တစ်ချို့တွေက ရန်ကုန်ကို ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့ အတွေးမျိုးတော့ ရန်ကုန်က မ တွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင် အပြေင်းအလဲကို ညနေစာငတ်သူဆာလောင်တက်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့ အချိန်ကာလ
ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောင်ရင် အုပ်ထိန်းသူမဲ့တော့မယ့်မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့၊ ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိ ယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။ ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့ ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက်လင်သားတွေ အလုပ်အကိုင် အဆင်ပြေပါ
စေ ဆုတောင်းနေရတဲ့မြို့၊ လယ်ကန်သင်းတွေကိုဖြို မြေကွက်အသစ်တွေရိုက်လို့ သူမြို့ခံတွေကို နေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတစ်ပါးသားလက်
အောက် ကျရောက်နေလို့ ၊သူကတခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတက်တယ်နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတက်ခဲ့။ ဗုံးဆံ
အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ ရိုက်လည်း အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လည်းအသံမထွက်ရဲခဲ့ဘူး။

အခုတော့ခေတ်နှင့်အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။ လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပေါက်နေတာမို့ သူအတွက် သိပ်အရေးမကြီး။ ကမ္ဘာပေါ်
ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင် ပြသာနာရှာပေးတက်ပြီး၊ ကူးစက်ရောဂါတွေကိုလည်းဖောဖောသီသီ လက်ခံသလို အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတက်တော့ဘူး။ မနက်ဆိုရင်
ပါးစပ်ပေါက်ခြေက်သန်းကို ဘယ်လိုကျွေးမလဲ ခေါင်းစားနေပေမယ့် ညကျရင် ဘီယာ ပရိုမိုရှင်းတွေနဲ့ အသောက်မပျက်တဲ့မြို့။လူဘ၀စည်းစိမ်မှာ အဆိုးလောကဓံ လေးပါးကို ထိန်ချန်
လို့မရဘူး၊ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်လို့ တဘောင်လိုလို ငကြောင်လိုလိုနဲ့မူးမူးပြီး ထပြောတက်တဲ့မြို့။

မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီသွားမယ်လို့ အရူးတွေ ဆော်သြပြီး နောက်ဖေးပေါက်ကပြန်တက် သူများ ညစာတွေ ခိုးခိုးစားတက်တဲ့ အရူးတွေ ရှိနေတက်တဲ့မြို့၊ မြို့တစ်မြို့ရဲ့ ဂုဏ်
ထူးတွေထဲမှာ မိန်းမပျက်နဲ့ အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့ ရှားပါးတဲ့
အမှန်တရားကို အကျဉ်းထောင်ထဲ ထည်ထားတာပါလို့ သတင်းထောက်တွေကို စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြတက်သေးတယ်။ အတုကလည်း ဘယ်လောက်တောင်များသလဲဆိုတော့
ခင်ဗျားမြင်မြင်သမျှ အကုန်အတုကြီးပဲ။ ဆေးဝါးအတု ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု ပြီးတော့ မျက်နှာအတုနဲ့
လူတွေ၊ တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံ အတု၊လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတက်တယ်။

ပလက်ဖေါင်းပေါ် လမ်းမလျှေက်ပါနဲ့ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊ တရားဥပဒေကို လက်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်ထောင်ပြီး နေထိုင်ပါ။ မီးပျက်ပျက်
မီးလာလာ ဒီဈေးပဲ၊ ဒါဟာ အခွင့်ရေးတစ်ရပ်။ အဲဒီလို မြင်တက်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး အသက်အရွယ်အရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက် အလုပ်
လက်မဲ့ပေမယ့်လည်း တစ်ယောက်လက်ဖက်ရည် တစ်ယောက်မျှသောက်တက်တဲ့ ရန်ကုန်၊

လမ်းကြုံရင် လာလည်ပါ၊ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါ။


ဆရာတစ်ယောက်ပေးပို့သော မေးလ်မှ…..

Wednesday, July 29, 2009

64forSuu

အမေ့ရဲ့ မွေးနေ့
မေ့ပြစ်ဖို့ သူတို့ကြိုးစား
မမေ့နိုင်တဲ့ ကမ္ကာမြေက
အခမ်းနားဆုံး လုပ်ပေးပြီး....
ဆုမွန်ကောင်းတွေ တောင်းပေးတာ....
လာမယ့်မွေးနေ့မှာ....
အိမ်မက်တွေ တကယ်ဖြစ်
သူ့ချစ်တဲ့ လူတွေနဲ့ ပျော်ရွှင်စွာ
မြေမြန်မာမှာ အောင်နိုင် ရစေသား .....
azm